Wednesday, September 12, 2012

ကဗျာချစ်သူသို့ ပေးပို့သော....တေး အလင်္ကာ သံပေါက် ကဗျာ........၊

(၁)ဧဒင် ဥယျာန ၊ လာကြစာဆွေ
ကျန်းမာစေကြောင်း၊ ဆုတောင်းစာခြွေ
တရံတဆစ်၊ မလစ်ဗျာပွေ
စိတ်သာရောက်...၊ ကိုယ် ရောက်မလာပေ ။

(၂)ဥယျာဉ်မှူးနှင့်၊ ပန်းမျိုးထွေထွေ
သဟဇာတ၊ ဝေမျှတူစေ
ညီညွှတ်ပေါင်းစု၊ ကောင်းမှုဖြာဝေ
တက်နေ၀န်း၊ထွန်းလင်းတဝေေ၀ ။

(၃)ရွှေအိမ်စည်က၊ဘ/ မိရာနော်
ကလောင်သစ်မွေး၊လက်ကူဖေးခေါ်
ကဗျာမတက်၊ရေးစပ် ကူဖော်
သင်ပါမှ၊ ညွှန်ပြဆရာကျော် ။

(၄)မှူး(၇) ဖွေးဖွေး၊ ရဲလေးမကျန်
ဦးကို ဧက၊ မျိုးချစ်မချန်
လင်းပိုင် ကျော်ဆက်၊ မပျက်ဧကန်
ရောက်ပါကြ၊ နေ့ည ချိန်မှန်မှန် ။

(၅ ညီသုတ ဟု၊ နာမတွင်ခေါ်
ကျန်းမာအရေး၊ ဒုက္ခ အေးသော်
ရောက်ပါမည့်ကြောင်း၊ ထပ်လောင်းကာ အော်
ဂတိပေး ၊ ဆိုရေးရှိစေနော်..။

(၆)မေတ္တာပို့၍၊ ရေးစပ်စာစီ
နေ့ညမရပ်၊ တေးထပ်ကာသီ
သံယောဇဉ်ဖွဲ့၊ ပြောခဲ့ပါပြီ
ကျန်းမာကြောင်း၊ဆုတောင်း နေပါသည် ။
လန်းဖျာကြောင်း၊ ဆုတောင်းနေပါသည် ။
ဝမ်းသာကြောင်း၊ဆုတောင်းဤ စာ စီ ။ ။

No comments:

Post a Comment