Wednesday, September 12, 2012

သိကြားမှတ်တမ်း

ပဏ္ဍု ကမ္မလာ
မြကျောက် ဖျာတင်း
သည်အချင်းကား
အဘယ်သို့လျှင်....ဖြစ်သနည်း.....။
ငါသိကြားမင်း စတိုင်တင်း၍
လူ့ပြည်လူ့ရွာ ကြည့်သောခါဝယ်........
ဆန်ဈေး ဆီဈေး သားငါးဈေးနှင့်
ထိုဈေး...ဤဈေး....
နားဖာကလော်ဈေးတောင်
ခါတိုင်းကထက် နှစ်ဆတက်၍
ကယ်ပါယူပါတဆာဆာနှင့်
ဥတ်အော် သောင်းနင်း
လူခပင်းအား
ကုန်ဈေးနှုန်းဝဲခယက်
ရေယဉ်ထဲ၌
မြှုတ်ချည် နစ်ချည် တွေ့ခဲ့သည်ကြောင့်
နတ်တို့ သြဇာ နတ်သုတ်ဓါကို
ဝေကာမျှကြွေး...
လှု၍ ပေးအံ့.........။ ။
ညီသုတ(ပြည်)

No comments:

Post a Comment