Wednesday, September 12, 2012

ဧဒင်ဥယျာဉ်သို့ပေးပို့သော(ဂုဏ်ပြုတေးထပ်)

ဧဒင်ဥယျာဉ်သို့ပေးပို့သော (ဂုဏ်ပြုတေးထပ်)





ပန်းဧဒင် ဥယျာန၊

ဂုဏ်ရောင်လှ ဝေစီ ၊

နောင်ကာလ အရှည်တည်အောင်၊

တို့တတွေ ကျိုးပမ်း ။



ကဗျာလှ စီကြရာမှာ ၊

ပီသပါ ပြောချင်ဘိစမ်း ၊

ဂုဏ်တင့်သည့် သတင်းတော် ၊

အွန်လိုင်းပေါ် ကျော်လွှမ်း ။

အဖွဲ့နော် လူများသလှ ၊

ပြုအားက ပြိုင်စံပေါ် ၊

နာမည်ကျော် " ကဗျာ " ချစ်သူတို့ ၊

နွှဲပျော်လှ ၀မ်းမြောက်ကြရှာ ။



လျှမ်းတောက်ပ ကဗျာရှင်ကို

ပညာသင် တူယှဉ်တွဲလို့ ၊

ရေးစပ်ကြ အချက်မှီ ၊

တွဲလက်ရယ်ညီ ။



ဂုဏ်တုဆင့်လို့ ဂုဏ်ပြုပါသည် ၊

တုန်လုမဟီ ဖြစ်ပါပေါ့လေး ။

ကဗျာက၀ိ ဂုဏဂုဏ်ရှင် ၊

တုပမမှီ ဥာဏ်ကြီးရှင်တို့လေး ။ ။





ညီသုတ(ပြည်)

10/9/2011 AM

No comments:

Post a Comment