ကဗျာချစ်သူသို့ပေးပို့သော ရှစ်လုံးဖွဲ့ (မြန်မာကဗျာများ)
(၁) ကဗျာရေးကြ - တွေးဆသူငါ ၊
အဖွဲ့ဗန္ဓ - မှတ်ပါ့သေချာ ။
ဓိပ္ပါယ်သက်ရောက် - မှတ်ကျောက်တင်မှာ ၊
ရေးပါဗျာ့ - များလှလူတကာ ။
(၂) ကိုယ်တွေးကိုရေး - တင်နှေးမကြာ ၊
တုပရှာပေး - ပြုသေးပယ်ခွာ ။
သူခိုးလူမိ - ပူသည့်ဗျာပါ ၊
ရှောင်ပါမှ - မုချပဏ္ဍိတာ ။
(၃) ချစ်မှုကြိုက်မှု - ရေးတုကဗျာ ၊
စာစီကုံးပြု - ရေးသူ့ဝန်တာ ။
လင်္ကာမစပ် - အတက်ဘယ်မှာ ၊
ဆင်ချင်ကြ - မှတ်ပါ့လူတကာ ။
(၄) ဝေဖန်ထောက်ရှု့ - ကြံပြုဆရာ ၊
လင်္ကာနှံ့မှု - ရှိစုဝေဖြာ ။
ကိုယ်တိုင်သိမှ - ဖွင့်ချဖွေရှာ ၊
သင်ကာပြ - ညွှန်ကြစေတနာ ။
(၅) ခောတ်အခြေရ - ပြောင်းလှကမ္ဘာ ၊
မော်ဒန်ဂန္ထ - လမ်းပြပေါ်လာ ။
သူငါသာစွဲ - ယူသည်းပြန်ရှာ ၊
အကာပြစ် - အနှစ်တူညီစွာ ။
(၆) `ဤစာရေးဖြစ် - တွေးစစ်ကြနော် ၊
စေတနာနှင့် - အားသစ်ကူဖော် ။
ထပ်ခါလောင်းပြု - တောင်းဆုခြွေမျှော် ၊
ကလောင်သွား - ရေးငြားသွက်စေသော် ။
(၇) ညီသုတဟု - မှတ်ပြုခေါ်တွင် ၊
ရေးမှုဖတ်မှု - မှားတုပါလျှင် ။
အားမနာတမ်း - ညွှန်စမ်းစေချင် ၊
များလူအောက် - ဒူးထောက် ထာဝစဉ် ။ ။
(သွင်သင်မှု - လေးပြုဂါရ၀င် )
15/9/2011
07း15 am
No comments:
Post a Comment