Wednesday, September 12, 2012

ကြည်လင်တဲ့ လရောင်အောက်ဆီ

      (ကြည်လင်တဲ့လရောင်အောက်ဆီ)

နာကျင်မှုတွေ မေ့လောက်အောင်

နင့်ကို ချစ်ခြင်းတွေအပြည့်နဲ့သတိရတုန်း

အလွမ်းတွေ နေရီရီ အလင်းပျပျ

ဆည်းဆာတိမ်တအုပ်လို ထူထပ်ခဲ့....

ငါ့အနာဂါတ်ကိုမျှော်မှန်းကြည့်တော့

ချစ်ခြင်းတွေ အငွေ့ပျံ

မရေရာခြင်းတွေ ငွေ့ရည်ဖွဲ့မှုနဲ့

ချစ်ခြင်းမဲ့နှလုံးသားတစုံက

ကြေကြေကွဲကွဲ ပင့်သက်ရှိုက်နေတယ်.........

ငါသိခဲ့တဲ့ ငါ့အချစ်ဟာ

ဥယာဉ်မှူးရဲ့ ပျိုးထောင်ပေးမှုမျိုးနဲ့

ချစ်ခြင်းရဲ့ ဘာသာစကားကို

ပန်းအက္ခရာ စကားလုံးတွေရဲ့အပြင်ကချစ်တယ်........

လမင်းကြီးလိုတစိုက်မတ်မတ်ပြုံး

ကြယ်စင်တွေအလျှိုလျှိုထွက်လာ

ဝါးရွက်လေးတွေတေးမဆိုနိုင်လောက်အောင်

ငါ့ရင်ထဲကနတ်သမီးလေး လှနေခဲ့တယ်.........

                    ညီသုတ(ပြည်)

                      24/1/2002

No comments:

Post a Comment