ကဗျာဖတ်ဘို့ ရောက်လို့လာ - ကဗျာရှိရာ လာစို့- ၀င်စို့။
ကလောင်စွမ်းများ စုံလင်စွာ - ဘုံတစ်ခွင်မှာနှံ့သိကျော်လို့ ။
ကဗျာချစ်သူ များဗိုလ်လူ - ၀ါသနာတူ တွေ့ရတာပဲ ။
ရှေးရေစက်ကြောင့် ဆုံရတယ် - သည်ဥယျာဉ်ဝယ် - မှေးမှိတ်ကြစို့ ။
ညီကိုမောင်ရင်း ချစ်ကြပါ - မေတ္တာထားတာ ကောင်းကြတာပဲ ။
ပြစ်မြင်ထောက်ပြ ဆုံးမရှာ - ကြီးသသူမှာ ကျင့်ဝတ်ပါလိမ့် ။
ငယ်သူများက ရိုသေကာ - လောကပါလာ ကျင့်ဝတ် ကျင့်စို့ ။
ရွယ်တူချင်း ချင်း လေးစားပါ - ဗုဒ္ဓဘာသာ ရှေးထုံးပါဗျို့ ။
ပန်းတိုင်များနှင့် ခေတ်သစ်ဆီ - တက်ပေါင်းညီညီ လှော်စို့ - ခတ်စို့ ။
(ဟေ့ စိန်လား - ဟေ့ မြလား )
ဟေ့ လာ မောင်ရို့ - ၀ါး )
သံချပ်ထိုးနည်း
အတိုင် (တယောက်)
"ကဗျာဖတ်ဘို့ ရောက်လို့လာ "
အဖောက် (အများ )
" ကဗျာရှိရာ လာစို့ - ၀င်စို့ "
အတိုင် (တယောက်)
" ကဗျာရှိရာ လာစို့ - ၀င်စို့ "
အဖောက် (အများ)
" ကဗျာဖတ်ဘို့ ရောက်လို့လာဗျ...."
စသည်အားဖြင့် ဆက်ဆိုပါ...
အဆုံး၌...ဟေ့လာမောင်ရို့...၀ါး ။
ညီသုတ(ပြည်)
25/12/2011
am 8;25
No comments:
Post a Comment