ဝေဒနာစာတမ်း တခု
ညင်သာစွာ ပြုစုခဲ့ပါမည် ။
အတိတ်မှ အရိပ်စစ်များ
သက္ကရာဇ်ဖြို ဂူသွင်း
ရင်တွင်းမှာ မြှုတ်နှံလို့
လွမ်းပုံလည်း မရေး.....
လမ်းဆုံလည်း မမေးတော့ပါ....။
တရံတခါက......
သံယောဇဉ် လက်ကျန်
မနက်ဖန်ထိ သိမ်းမထား
စိမ်းကားတယ်ပဲ ဆိုပါစို့.....။
ခဏတာခရီးမှာ
ကံဆုံလို့ တွေ့
ကံကုန်တော့ မေ့
လွမ်းရဲလို့ လမ်းခွဲကြရင်း
ဝေဒနာ မှတ်တမ်းတခု......
ညင်သာစွာ ပြုစုကြစို့လား....။ ။
ညီသုတ(ပြည်)
8.3.2011
05;20 am
pyay
ညင်သာစွာ ပြုစုခဲ့ပါမည် ။
အတိတ်မှ အရိပ်စစ်များ
သက္ကရာဇ်ဖြို ဂူသွင်း
ရင်တွင်းမှာ မြှုတ်နှံလို့
လွမ်းပုံလည်း မရေး.....
လမ်းဆုံလည်း မမေးတော့ပါ....။
တရံတခါက......
သံယောဇဉ် လက်ကျန်
မနက်ဖန်ထိ သိမ်းမထား
စိမ်းကားတယ်ပဲ ဆိုပါစို့.....။
ခဏတာခရီးမှာ
ကံဆုံလို့ တွေ့
ကံကုန်တော့ မေ့
လွမ်းရဲလို့ လမ်းခွဲကြရင်း
ဝေဒနာ မှတ်တမ်းတခု......
ညင်သာစွာ ပြုစုကြစို့လား....။ ။
ညီသုတ(ပြည်)
8.3.2011
05;20 am
pyay
No comments:
Post a Comment