Wednesday, September 12, 2012

ကိုယ်တိုင်ကခဲ့ရသော...မထူးဇာတ်တပိုဒ်

ကျုပ်နဲ့ ကိုဘကောင်း
"ခရောင်း"လက္ဘက်ရည်ဆိုင်မှာထိုင်ရင်း
မြင်ကွင်းအားလုံးကို ငေးကြည့်
အဖန်ရေ သုံး အိုးကုန်တဲ့အထိ ။
မင်း ဘာတွေးလည်း
မင်းဘာလုပ်မလည်းတဲ့
ကျုပ်မသိ လုပ်မိတာတခုတည်းရယ်
အဖန်ရေ နောက်တအိုး ထပ်တောင်းမိ ။
ကိုဘကောင်းက ထပ်မေး...
မင်းဘာလုပ်လဲ...
တနေ့ ဘယ်လောက်ရလဲ...
ကျုပ်ကြား ၏ မျှားမိသည့်ငါး လွတ်မသွားအောင်
ကျုပ် ငြိမ်နေလိုက်တယ် ။
တွေးမနေနဲ့ တော့ကွာ ငါနဲ့သာလိုက်ခဲ့
တနေ့ သုံးရာပေးမယ်
အိမ် ဆေးသုတ်ဘို့တဲ့
ကျုပ် ကိုယ်ဘကောင်းကိုကြည့်မိတယ်
အသံမထွက် နားထောင်ရုံသက် သက် ။
လုပ်သင့် မလုပ်သင့်
ကျုပ်မညင်း တင်းမခံ
တင့်တယ်နေတဲ့ ကျုပ် ပန်းခင်းလေး
ရေငတ်ခံလို့ ဘယ်ဖြစ်မှာလည်းဗျာ ။


2001၊ဇွန်

No comments:

Post a Comment