Wednesday, September 12, 2012

မှာတမ်း

သူ့နေရာ ငါဝင်လု

ရွှေရင်ထု ဆွေ့ဆွေ့ခုန်

မြေသိမ့်သိမ့်တုန်။

ကျွဲနှစ်ကောင် မာန်ဆောင်ခတ်

မြေဇာမြက် ကျွမ်းပြန်၊

ပဲလှော်ကြား ဆားညက်တယ်

ခံခက်တယ် ကွယ်ရို့။

သည်အရေးမအေးပါ

နှေးမကြာ ပြင်ကြ၊

ပြေးလာကာ သင်လိုက်တယ်

သင်တို့ချင်း ညီစေ။

ဇာတ်တူချင်း စားကြလျှင်

ပျက်လိမ့်မည် ပြည်လုံး၊

ခက်တွေ့ကာ နေအုံးတော့

နှစ်ကိုယ်ဖြင့် ချစ်စေ။

ဥာဏ်မွဲလို့ အတွေးခေါင်

ခွေးဟောင်တယ် ထင်နဲ့၊

အိမ်ကြက်ခြင်း မဲခွပ်နေလျှင်

တို့လူမျိုး..........၊

မွဲနစ်မှာ ဧကန် တသက်လုံး။ ။

အားလုံးပဲ....စိတ်ချမ်းသာ ကိုယ်အေးလို့ လိုလေသေးမရှိ ပြည့်စုံနိုင်ကြပါစေ။

ညီသုတ

3.1.2011

pm 13;33

No comments:

Post a Comment