Wednesday, September 12, 2012

ကဗျာဆရာ၏ ဝေဒနာတမ်းချင်း -(၃)

     လေဝှေ့လို့ကြွေတာလောက်နဲ့

 ငါ့ပင်စည်က  မီးရပ်ချမ်းမထဘူး

 မော်ဒန် ဂန္ထ၀င်  နျူကလီးယား ဇီဝလက်နက်

 ခဲရာခဲစစ်  လူ့အဖြစ်ရခဲ့တဲ့ ၂၁ရာစု

 ဒါကိုပဲ....ဒါတွေကိုပဲ

 အိတ်ကပ်ပါးခြင်းပြိုင်နေကြတာ

  တကိုယ်လုံးဆုံးဆုံးမမြုပ်သ၍

 ဇာတ်နာတယ်လို့ကို မထင်မိဘူး......

 ခေတ်ပြိုင်သူငယ်ချင်း များ

 ရုံးရင်းကန်ရင်း ဖေးမခဲ့တာအကြိမ်ကြိမ်

 ဘ၀ဟာ ရေချမ်းစင်အိုးတည်သလောက် မလွယ်ကူပါဘူး

 မှားလို့လွဲခဲ့တဲ့ဘ၀ ဒဿနတွေ

 ချိန်ကြည့် ဘယ်သူ့ဘက်ကိုမှ လျှာမထွက်ဘူး

 တိမ်ငိုရင် ကမ်းပါးပြိုတက်သတဲ့

 နှလုံသွေးထဲက အန်ထုပ်လိုက်တဲ့ ကဗျာ

 ရင်ဘက်နဲ့မဖတ်သမျှ အရသာမတွေ့နိုင်ဘူး.......

 ခေါင်းစဉ်အောက်ကကဗျာ  ခေါင်းစဉ်ပေါ်က ကဗျာ

 မှင်နဲ့ရေးတဲ့ကဗျာ ရင်နဲ့ရေးတဲ့ကဗျာ

 ကဗျာကိုဘောင်ခတ် တသီးပုဂ္ဂလမွေးစား

 ခြံပေါက်နွားနဲ့ ရောမမွေးနဲ့ သူငယ်ချင်း.....

 စာပေစင်ထက်မှာ  ကဗျာဆရာတွေ

 စိန်ခေါ် အလံလု မော်ဒန်ဂန္ထ၀င်အရေး

 နှစ်ခြောက်ဆယ်ကျော် နှစ်ဦးစလုံး သက်လုံရှုံးနဲ့ ဒိုင်ပွဲရပ်

 မြေလှန်ဝါဒကိုမှ လူတွေကြိုက်ကြ

 ဘယ်မှာလည်းအမှန်တရား

 မီးထွန်းရှာကြည့် သူငယ်ချင်း....။        ။

   ညီသုတ(ပြည်)

  2/9/2011

am- 03;46 PYAY

No comments:

Post a Comment