Wednesday, September 12, 2012

ခရီးသည်

ဤယနေ့သည်

တရွေ့ရွေ့နှင့် ကုန်တော့မည်

နေမကုန်မှီ ထုပ်ပိုးပြင်၍

ငါလျှင်ခရီးဆက်ပါအံ့.....။

နေရခဏ

တစ်ဘ၀၌ ဒေါသအလျှောက်

စိတ်ရူးဖောက်၍

နှုတ်ငေါက်လွန်မိ ပြစ်မှားမိသော်

အမိသည်သား ခွင့်လွှတ်ငြားသို့

ငါ့အားခွင့်လွှတ်ကြပါလေ ။

ခွင့်လွှတ်အပြုံး စပါယ်ကုံးကို

နှလုံးထက်တွင် ငါပန်ဆင်၍

ခုပင် ခရီးဆက်ပါအံ့။

ရုတ်တရက်မို့ နှုတ်မဆက်အား

ငါထွက်သွားသော်

ငါ့အားငြူစူ ပြစ်မယူပဲ

ကြည်ဖြူခွင့်လွှတ် ကြပါလေ.....။ ။
အနုသယဆိုတာ မပျယ်သေးသ၍ သမုဒယဆိုတာ ပုထုဇဉ်တို့သဏ္ဍာန်မှာရစ်ပတ်နှောင်တွယ်နေအုံးမှာပါ။ထို့ကြောင့်.............

No comments:

Post a Comment