Wednesday, September 12, 2012

ဝိရောဓိ မြင်ကွင်း

ကျွန်တော်...ဒီကဗျာကို  ကဗျကဏ္ဍမှာလည်းတင်ထားပါတယ်....
မြို့တမြို့ရဲ့ ရှုခင်း
ညနေခင်းပေါ့
သောကယိုထွက်
ငိုလက်စမျက်ရေတို့
ခဏတာမှေးစက် အိပ်ပျော်နေကြတဲ့
မှိန်ဖျော့ဖျော့ မာကျူရီ မီးရောင်အောက်က
မေရှိုးဆိုတဲ့   တီးဟောက်(စ်)စကို
              လူတယောက်
သောက်လက်စဖက်ကြမ်း
ရမ်းကားတဲ့မီးတောက်
ရင်မှာတောက်လောင် ဖိစီးခြင်းအတိ
အကြည့်ကိုတမင်လွှဲ
ဒေါင်ကျကျ စားပွဲကိုသူလာ
          ဒါပေမယ့်.....
အင်ကျီ မပါဘူးလေ ။
    မေရှိုးရဲ့ ယဉ်ကျေးမှုလား
လူသားတချို့ရဲ့ မျက်လုံးတွေက
အမေးပုစ္ဆာတပုဒ်လို
      ထင်သလိုတွေး
     မြင်သလိုငေး
မေးငေါ့ခေါင်းခါ
တောဘဲကွာဆိုတဲ့ အထာနဲ့
နားလည်မှုမရှိ
ဘ၀အသိတွေ ကွယ်ပျောက်
ဦးနှောက်သမား တယောက်လို့
လွယ်လွယ်သက်မှတ်လိုက်တယ် ။
        အေးဆေးလွန်းနေတဲ့(ဗမာပြည်)သိန်းတန်ရဲ့
ဖီး(လ်)ခံတဲ့အလွမ်းသီချင်းက
ဝေဒနာအက်ကွဲကြောင်းတွေနဲ့ ရင်ကို
နာကျင်စွာ တူးဆွ
မခံသာအောင် စူးရှလို့
လောကကိုနာကျည်း
အတိတ်ကိုခါးသီးစေလျှက်
ရက်စက်နေကြ
ရက်စက်ကြပေါ့ ။
          ဘ၀အမောတွေနဲ့အတူ
                    အ၀င်မဲ့
ပင့်သက်လေပူကို မှုတ်ထုပ်
သူလက်ခုပ်တီးပြီး အော်တယ်
 အဆိုတော် လေးဖြူရဲ့
တော်တော် အော်တဲ့ သီချင်း ဖွင့်ပါဗျို့တဲ့
                 ကြားကြရဲ့လား
လူသားထဲကလူတယောက်
အဇ္ဈတ္တထွက်ပေါက်ကိုရှာ
ဒါ...ဒဿနပဲ
မှားမတဲ့လား
နှလုံးသားသွေးစု
တေးသွားတစုလှပ
ရောင်စုံအတ္တတွေ နောက်ဆုပ်
ခလုပ်တိုက်မိတဲ့ မာယာ
အသပြာရှာနေတဲ့ မျက်ရေ
ကျိန်စာတွေနဲ့ ရင်ခွင်
ညှို့ငင်မြူဆွယ်တက်တဲ့ အလှ
တသားထဲကျခဲ့တဲ့ ဘ၀တွေ
အတွင်းကျေခြင်းများ ပေါင်းစု
သွေးခြေဥတဲ့ ဒဏ်ရာ
ဝေဒနာခရီး......
ဝေဒနာမီး.......
မငြိမ်းသေးသမျှ.............။
      သူငယ်ချင်း   ကဗျာဆရာ...ဘ၀(ကျုံပျော်)သို့  အမှတ်တရ ။
                               ရွှေယုဝါ(လင်းတာကျ)

No comments:

Post a Comment