Wednesday, September 12, 2012

နေမ၀င် ဧဒင်

(နေမ၀င်  ဧဒင်)

ဧဒင်ဥယျာဉ် ၊ ပန်းတော်ဝင်
ချစ်ခင်နောင်ရင်း ၊ မိတ်ဖွဲ့ခြင်း
ဂုဏ်ဝင်းတောက်တောက် ၊ ကဗျာရောက်
ရောက်သလေလေ့  ရောက်သလေ့ ။

ကဗျာချစ်သူ ၊ များထိုလူ
တစ်အူထုံဆင်း ၊ ပေါင်းဖက်နှင်း
ချစ်တင်းတူလျှောက် ၊ ခရီးပေါက်
ပေါက်သလေလေ့  ပေါက်သလေ့ ။

ကဗျာဝန်ထမ်း ၊ ကိုယ်စီလမ်း
သက်တန်းရှည်ကြာ ၊ ဒီ(သည်)နေရာ
ချိန်ခါလွန်မြောက် ၊ မှန်မှန်လျှောက်
လျှောက်သလေလေ့  လျှောက်သလေ့ ။

စိတ်ချမ်းသာကိုယ်အေး...
လိုလေသေးမရှိကြပါစေနှင့် ။
             
                       ညီသုတ(ပြည်)
                       8/12/2012
                       12း42 pm

No comments:

Post a Comment