Wednesday, September 12, 2012

"၀ဲရိုက် ၀ဲသွင်း" မေတ္တာပို့ကဗျာ


ဧဒင်လှ ၊ မြမြသွေး ၊ ချွေးချင်းမွှေး ၊ သွေးချင်းဆက်
လက်လှမ်းကူ ၊ လူမှုဆောင် ၊ အောင်မြင်ရေး ၊ နှေးမကြာ ၊
မာပါစေ ၊ ဝေနေယျ ၊ ရစေသား ၊ များမေတ္တာ ၊
ရာထောင်ပေါင်း ၊ သောင်းဂဏန်း ၊ လန်းကြစေ ၊ ဇေယတု ၊
ခု ချိန်ခါ ၊ သာစေကြောင်း ၊ တောင်းဆုခြွေ ၊ ဝေတဲ့နှင်း ၊
ယင်းပမာ ၊ ကာယ ပါ ၊ ဥာဏရော ၊ ဟောတု စေ ၊
နေတစ်စင်း ၊ လင်းအသွင် ၊ မြင်အမြဲ ၊ ထဲဘ၀င် ၊
ရွှင်မနော ၊ ရောဂါစင် ၊ ခင်မင်မှု ၊ ရှုပါသည် ၊
(အီ) ဖေကိုယ် ၊ လိုတ ရာ ၊ ဗျာပါလွင့် ၊ တင့်စေသား ၊
ထားမေတ္တာ ၊ ခါခါပို့ ။        ။

အထူးဝန်ခံချက် ။       ။ကျွန်တော်ယ္ခုရေးထားသော ၀ဲရိုက် ၀ဲသွင်းကဗျာအမျိုး
အစားသည် ၊ အလွန်ခက်ခဲလှသဖြင့် ပြီးပြည့်စုံသည်ဟု(၀ါ)မှန်သည်ဟုတရားသေ
မယူဆသင့်ပါ....တက်နိုင်သလောက်တူအောင် ဖန်တီးထားခြင်းမျှသာဖြစ်ပါသည် ။
ကျွန်တော့်အနေဖြင့်ထိုကဗျာအားရေးသာရေးလိုက်ရသည် ၊ ခဲယင်းလွန်းသဖြင့်
အတော်အားထုပ်ခဲ့ရပါသည် ။ အကယ်တန္တု ပညာဥာဏ်ရင့်သူတို့ဖတ်မိခဲ့ပါက
ကျွန်တော့်အားလိုအပ်သလိုထောက်ပြပေးပါက အလွန်ကျေးဇူးတင်မိမှာပါ ။
ယ္ခုကဗျာအမျိုးအစားအား ပထဦးစွာရေးသားခြင်းဖြစ်ပါသဖြင့် ဒေါသတစ်ခုခု
သင့်ခဲ့ပါက ကျွန်တော်၏ ပညာမပြည့်ဝမှုသာဖြစ်ပါကြောင်း....လေးစားစွာ
မေတ္တာရပ်ခံပါသည် ခင်ဗျာ...။

ညီသုတ(ပြည်)
9/12/2011
07း50 am

No comments:

Post a Comment